Kill Switch (2017)
အော်တာပလပ်စ်နည်းပညာကုမ္ပဏီဟာ
 အဆုံးမရှိစွမ်းအင်တစ်မျိုးကိုစမ်းသပ်ရင်း လွဲချော်မှုတွေဖြစ်သွားတဲ့အခါ 
ဆိုးဝါးလွန်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ် 
(စပွိုင်လာဖြစ်မှာစိုးလို့ ဘာလဲဆိုတာမပြောတော့ဘူး)
ဒီအခြေအနေမှာမင်းသား
 ဟာ သူ့ရဲ့ဂြိုလ်နဲ့မိသားစုကိုကယ်တင်ဖို့ဘယ်လိုကြိုးပမ်းသွားမလဲဆိုတာကို 
စိတ်ဝင်စားဖွယ်ရိုက်ကူးပြသထားပါတယ်။ ဒီကားလေးရဲ့ထူးခြားချက်က 
ရိုက်ကူးပုံကိုဂိမ်းတစ်ခုမှာကိုယ်တိုင်ဝင်ကစားနေရတဲ့ပုံစံမျိုးနဲ့ 
မင်းသားဘက်ကမြင်ရတဲ့မြင်ကွင်းအတိုင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်။
မင်းသားဆိုလို့ပြောရဦးမယ်
 ဒီမင်းသားကလတ်တလောနာမည်ကြီးနေတဲ့ Beauty and the Beast ကားထဲမှာEmma 
Watson လေးနဲ့အတူသရုပ်ဆောင်ခဲ့တဲ့ သတ္တဝါကြီးဖြစ်ပါတယ်။ နောက်ပြီး 
Legionဆိုတဲ့ Marvel serieထဲမှာ Professor X ရဲ့သားDavid 
Hallerအဖြစ်လဲပါဝင်သရုပ်ဆောင်ထားပါသေးတယ် 
ဒီလောက်ဆိုမင်းသားရဲ့စကေးနဲ့ဇာတ်လမ်းသဘောတရားကို 
စပ်ဆက်ကြည့်လို့ရလောက်ပြီထင်ပါတယ်။

No comments:
Post a Comment