The Pacifier 2005
 
ဒီကားကိုတော့ အများကြီးညွှန်းစရာမလိုတော့ပါဘူး....Fast And Furious 
ရဲ့နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Vin Diesel ရဲ့ 
ထူးထူးခြားခြားလေးသရုပ်ဆောင်ထားတဲ့ကားလို့ပြောလို့ရပါတယ်...စစ်တိုက်တာကျွမ်းကျင်ပြီး
 တကယ်စစ်သားကောင်းပီသတဲ့ စစ်သားကြီးတစ်ဦးမှာ တကယ်အနုအယွအလုပ်ဖြစ်တဲ့ 
ကလေးထိန်းရမယ့် အကြောင်းတရားဖန်လာတဲ့အခါ ဘယ်လိုပေါက်တတ်ကရတွေနဲ့ 
ကလေးထိန်းမလဲဆိုတာ ရယ်စရာအဖြစ်ကြည့်ရမှာပဲဖြစ်ပါတယ်....စစ်သားကြီးတစ်ဦးရဲ့
 သံမဏိစည်းမျဉ်းတွေထဲမှာကလေးတွေကကောနေနိုင်ကြပါ့မလား...တကယ်တော့
 အဲ့စစ်သားကြီးထိန်းရတဲ့ ကလေးတွေကလည်းခေသူလေးတွေမဟုတ်ပါဘူး...ဒီတော့ 
ဒီစစ်သားကြီး ပြန်ထွက်ပြေးအောင် ပညာပြကြမှာပဲဖြစ်ပါတယ်...ဒီလိုသူတပြန် 
ကိုယ်တစ်ပြန်နဲ့ ကလေးတွေနဲ့ စစ်သားကြီး ပြိုင်ကြမှာတွေကို 
ပျင်းစရာမရှိအောင်ကြည့်ရမှာပဲဖြစ်ပါတယ်...ဒီကားလေးဟာ ပေါ့ပေါ့ပါးပါးလေးနဲ့ 
မိသားစုနဲ့ကြည့်ဖို့သင့်တော်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်....

No comments:
Post a Comment