၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး - Burma VJ ဇာတ်ကား
၂၀၀၇ ရွေဝါရာင်တော်လှန်ရေးကာလတွင် နအဖစစ်အုပ်စုမှ ရဟန်းသံဃာတော်များနှင့် ကျောင်းသားပြည်သူတို့၏ ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြခဲ့မှုများကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့သည့် တကယ့်အဖြစ်အပျက်များ ရိုက်ကူးခဲ့သည့်ဇတ်ကားဖြစ်သည်။
ပြည်တွင်းရှိ ဗီဒီယိုဂျာနယ်လစ်တို့က သက်စွန့်ဆံဖျားမှတ်တမ်းတင်ကာ ပြည်ပသတင်းဌာနသို့ အခက်အခဲများကြားမှ ပေးပို့ခဲ့ပုံကို တင်ပြထားသည့် မှတ်တမ်းရုပ်ရှင်ဇာတ်ကား ဖြစ်သည်။
ထို့အတွက် ၂ဝဝ၉ ခုနှစ်အတွက် ရွေးချယ်ခဲ့သည့် (၈၂)ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် နောက်ဆုံးဇကာတင် ဇာတ်ကား(၅)ကားတွင် တကားအဖြစ် စာရင်းတင်သွင်းခြင်းခံခဲ့သည်။
အော်စကာဆုမရရှိပေမယ့်လည်း လူ့အခွင့်အရေးမှတ်တမ်း ရုပ်ရှင်ဆု (ဘာလင်)၊ ကမ္ဘာ့မှတ်တမ်း ရုပ်ရှင်တည်းဖြတ်ဆု အပါအဝင် နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်း (၄၁) ဆု ဆွတ်ခူးခဲ့သည်။
အဆိုပါဇာတ်ကားကို နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)က စီစဉ်ခဲ့ဖြစ်ပြီး ဒိန်းမတ်လူမျိုးဒါရိုက်တာ Anders Ostergaard ကပြန်လည်တည်းဖြတ်ပေးခဲ့ကာ ထုတ်လုပ်သူမှာ Lise Lense-Mollerတို့ဖြစ်သည်။
No comments:
Post a Comment