Life is Beautiful (1997)
၁၉၉၇ ကထွက်ခဲ့တာဖြစ်ပြီး Comedy,Drama,Romance အမျိုးအစား Imdb 8.6 ထိရထားတာပါ။ အော်စကာ ၇ ဆုနဲ့အတူ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို တွမ်ဟန့်ခ်ရဲ့ Saving Private Ryan ကို ကျော်ပြီး ရသွားခဲ့တဲ့ကားပါ။ ဂျာမန်ချွေးတပ်စခန်းရောက် သားအဖ ၂ယောက်ကို အဓိက ဇာတ်ကောင်အဖြစ် ဖော်ပြထားပါတယ်။ ငရဲတမျှဆိုးဝါးတဲ့ နေရာမှာ ကလေးငယ်ကို ဂိမ်းတစ်ခုအသွင်မြင်အောင် ရှင်းပြပြီး ပျော်ရွှင်အောင်ထား ကာကွယ်စောင့်ရှောက်ခဲ့ပုံကို ရိုက်ပြထားတာပါ။ ဒုတိယ ကမ္ဘာစစ်ကာလမှာ ကလေးငယ်တစ်ယောက်ရဲ့ စိတ်ကို မညစ်နွမ်းစေဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေပါပဲဗျာ။ သူ့ရဲ့ ရှင်းပြပုံ အနစ်နာခံပုံ လိမ်လည်ပုံလေးတွေက အရမ်းကောင်းလွန်းပါတယ်။ ဒါ့အပြင် လောကရဲ့ အဆိုးဝါးဆုံးအချိန်မှာတောင် ရှုထောင့်တနေရာက မြင်တတ်ရင် လောကကြီးက လှပနေပါသေးတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ကြည့်ဖြစ်အောင်ကြည့်ရမယ့် ဇတ်ကားလေးတစ်ကားပါပဲဗျာ။
Channel Myanmar
No comments:
Post a Comment