Bait 2012

အခုတစ်ခေါက်တော့ BAIT ဆိုတဲ့ 3D ငါးမန်းကားတစ်ကားနဲ့ တင်ဆက်ပါရစေဗျား.. ဇာတ်မြည်းလေး ပြောရရင်.. .. တစ်ခြားငါးမန်းကားတွေနဲ့ သိပ်မတူဘူးလို့ ပြောရမှာပဲဗျ.. ကမ်းခြေက စတိုးဆိုင်တစ်ဆိုင်မှာ..villain 2ယောက် ဓားပြဝင်တိုက်ကြရင်း.. ရဲနဲ့အငြင်းပွားကြတုန်း ဆူနာမီကြီး ဖြစ်သွားပါလေရော.. အဲ့မှာ စတိုးဆိုင်ထဲ ပိတ်မိကုန်ရင်း.. မုန်တိုင်းနဲ့ပါလာတဲ့ ငါးမန်း 2ကောင်နဲ့ တိုင်ပတ်ကြပါလေရောဗျာ.. သိတဲ့အတိုင်း ဒီလိုဇာတ်လမ်းတွေမှာ အရေးကြုံလာရင် အနစ်နာခံရသူနဲ့ villain ကောင်တွေ ပါကြစမြဲပါ.. တစ်ခုထူးခြားတာက ဒီထဲက ငါးမန်းတွေက 12ပေ ငါးမန်းဖြူကြီးတွေ ဖြစ်လို့ စွန်းကြမ်းတာကို တွေ့ရမှာပါဗျား.. သူတို့ အဲ့စတိုးဆိုင်ကနေ ငမန်းတွေကိုကျော်ပြီး အပြင်ကိုထွက်နိုင်ကြပါမလားဆိုတာကို ရင်တစ်ဖိုဖိုနဲ့ ကြည့်ကြပေတော့ဗျား.. သွေးသံရဲရဲနဲ့ CM ပရိသတ်တွေ အကြိုက်တွေ့စေမဲ့ ကားကောင်းတစ်ကားပါလို့.. … …
Channel Myanmar
No comments:
Post a Comment